ပုံစံ-၇ နဲ့ ပုံစံ-၁၀၅ ရှိရင် အိမ်ဆောက်လို့ရပါသလား

စံ (၇) နဲ့ (၁၀၅) ရှိရင်အိမ် ဆောက်လို့ရပါသလား” ဆိုတော့ အိမ်ဆောက်ဖို့ဆိုရင်တော့ မိမိဝယ်ယူမဲ့ မြေအမျိုးအစားကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ အ လွယ်ပြောရရင်တော့ လယ်ယာမြေလား၊ မြို့မြေ၊ ရွာမြေလားဆိုတာပေါ့၊ လယ်ယာမြေကို ဝယ်ယူမိရင်တော့ ချက်ချင်းတန်းပြီး အိမ် ဆောက် နေလို့ရမှာ မဟုတ်ပါဘူး။ မြို့မြေ၊ ရွာမြေဆိုရင်တော့ အိမ်ဆောက်လို့ ရနိုင်ပါတယ်လို့ အကြမ်းဖျင်း ပြောလို့ရနိုင်ပါမယ်။ မြို့မြေ၊ ရွာမြေဆိုတာလဲ အမျိုးမျိုးရှိနိုင်ပါတယ်။ သာမန် အားဖြင့်တော့ အဆောက်အဦဆောက်ခွင့်ရှိတဲ့ မြေမျိုးတွေပဲ ဖြစ်ပါတယ်။
ပုံစံ (၇) ဆိုတာကတော့ လယ်ယာမြေတွေ စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့တွက် ထုတ်ပေးထားတဲ့ “လယ် ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်” ပဲ ဖြစ်ပါတယ်။ လယ်ယာမြေဆိုတဲ့ဝေါဟာရအောက်မှာ ပါဝင်တဲ့ မြေမျိုးတွေကတော့ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ ဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးသည့် ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်း ကောင်း၊ ရွှေ့ပြောင်း တောင်ယာ မြေဟုသော်လည်းကောင်း သတ်မှတ်ထားသည့် မြေများ ပါဝင်ပါတယ်။ ဒီမြေမျိုးတွေ ဆိုရင်တော့ ချက်ချင်းအိမ်ဆောက် တာပဲဖြစ်ဖြစ်၊ အခြားအဆောက်အအုံ ဆောက်တာပဲ ဖြစ် ဖြစ်လုပ်လို့ ချက်ချင်းမရနိုင်ပါဘူး။သက်ဆိုင်ရာကိုမိမိတည်ဆောက်လိုသော အဆောက်အအုံအတွက် အခြားနည်း သုံးစွဲခွင့် လျှောက်ထားပြီး ခွင့်ပြုမိန့်ရခဲ့လျှင်တော့ ဆောက် လုပ်လို့ရပါတယ်။ ဒီကိစ္စကိုတော့ နောက်မှ အခြားနည်း သုံးစွဲခွင့် ကိစ္စအတွက် သီးခြားရေးသားမှာဖြစ်ပါတယ်။
ပုံစံ(၁၀၅)ဆိုတာကတော့ အမျိုးမျိုးရှိပြီး ပုံစံမှာ ဖော်ပြထားတဲ့ “ရေးကူးခြင်း အကြောင်းအရာ” မှာ ဖော်ပြထားချက်ကတော့ ပုံစံ(၁၀၅)ရဲ့ အသက်ပဲဖြစ်ပါတယ်။ “ရေးကူးခြင်းအကြောင်းအရာ”မှာ ဖော်ပြထားတဲ့ လုပ်ငန်းကိုသာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် “နေအိမ်ဆောက်ရန်” လို့ ရေးသားဖော်ပြထားပါက ရောင်းဝယ်ရေးလုပ်ငန်းစတဲ့ အခြားသောလုပ်ငန်းတွေ ဆောင်ရွက် လို့မရနိုင်ပါဘူး။ နေအိမ် ဆောက်လုပ်ဖို့ ကိစ္စတွေပဲ လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြေစာရင်းပုံစံ (၁၀၅)ဆိုတာ သူတစ်ရွက်ထဲ ရပ် တည်လို့မရနိုင်ပါဘူး။ သူ့နောက်မှာ ပုံစံ(၁၀၆)ခေါ်တဲ့ မြေရာဇဝင်ဖော်ပြချက်ကို ပူးတွဲပါရှိရပါတယ်။ လယ် ယာမြေဆိုရင် လယ်ယာမြေ လုပ် ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) မြို့မြေ၊ ရွာမြေဆိုရင် မြေနှင့်သက်ဆိုင်တဲ့ ခွင့်ပြုမိန့်၊ ပိုင်ရေးပိုင်ခွင့် အထောက် အထား၊ ဥပမာအားဖြင့် မြေဂရန်၊ လိုင်စင်စသဖြင့် ပူးတွဲပါရှိမှသာပြည့် စုံတယ်လို့ ပြောလို့ရပါတယ်။ ဒီ မြေစာရင်းပုံစံ(၁၀၅) မှာလည်း မြေ စာရင်းဌာနက ထုတ်ပေးတဲ့ (၁၀၅) နဲ့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ခွင့်ပြုချက်နဲ့ ထုတ် ပေးရတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) မှာ ကပ်တွဲထုတ်ပေးတဲ့ ပုံစံ (၇) ရယ်လို့ (၂) မျိုးရှိပါတယ်။ မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ (၁၀၅) ရဲ့ ဘယ်ဘက်ထောင့်မှာ ဌာနရဲ့ အမှတ်တံဆိပ် အတိုကောက်နဲ့ ညာဘက် ထောင့်မှာ ရွက်ရေအမှတ်စဉ်၊ ထိပ်ပိုင်းအလယ်မှာ အခွန်တော်တံဆိပ် ခေါင်းကပ်လျက် ပါရှိပါတယ်။ လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ခွင့်ပြုချက်နဲ့ ထုတ်ပေးရတဲ့ ပုံစံ (၇) မှာတော့ ဒီအမှတ် အသားတွေမပါရှိဘဲ လုံခြုံရေးအမှတ်အသားတံဆိပ် (Hologram တံဆိပ်) ရွှေ ရောင်ကပ်လျက် တစ်ခုသာ ပါရှိပါတယ်။
နောက်တစ်နည်းပြောရင် မြေစာရင်းပုံစံ(၁၀၅)ဆိုတာဟာ ဟင်းချက်ရင် မပါမပြီးတဲ့ ဆားလို ပါပဲ၊ မြေနဲ့ပါတ်သက်တဲ့ဟာ၊ မြေပေါ်မှာဆောင်ရွက်မယ့်ကိစ္စရပ်တွေအတွက် သက်ဆိုင်ရာကို တင်ပြဆက်သွယ်ဆောင်ရွက်မယ်ဆိုရင် မြေစာရင်းပုံစံ(၁၀၅)ပါကို ပါမှရပါမယ်၊ ခုနက အထက်မှာ ပြောခဲ့သလို မိမိဆောင်ရွက်လိုတဲ့ အကြောင်းအ ရာတွေကို “ရေးကူးပေးသည့်အ ကြောင်းအရာ”မှာဖော်ပြချက်အဖြစ် ရေးသားပေးမှာဖြစ်ပါတယ်။ ဒီလိုရေးသားထားတဲ့ လုပ်ငန်းဆောင် ရွက်ပြီးသွားချိန်မှာတော့ဒီပုံစံ (၁၀၅)ရဲ့ အာနိသင်ဟာ ပြီးဆုံးသွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။ မြေစာရင်း ပုံစံ(၁၀၅) ရရှိဘို့အတွက် မြေတည်ရှိရာ မြေစာရင်းရုံးမှာ မိမိရဲ့ ပိုင်ရေးပိုင်ခွင့်အထောက်အထားနဲ့အတူ လျှောက်လွှာပုံစံ(၁၀၃)နဲ့လျှောက် ထားရယူနိုင်ပါတယ်။ မြေပုံရေးကူးခကိုတော့ သတ်မှတ် နှုန်းထားအတိုင်း ဌာနရဲ့ ရငွေစာရင်းကို ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကြားဖြတ် တင်ပြလိုတာက မြေစာရင်းပုံစံ (၁၀၅) ဟာ ရေးဆွဲပေးခြင်း (Draw) မဟုတ်ပါဘူး။ ရေးကူးပေးခြင်း (Copy) သာ ဖြစ်ပါတယ်။ တည်ဆဲနှစ်အတွင်း သုံးစွဲနေတဲ့ စာရင်းမြေပုံပေါ်ကနေ ကာယကံရှင် လျှောက် ထားလာတဲ့ အစိတ်အပိုင်းကိုကွက်ပြီး ကောက်နုတ်ချက်အဖြစ် တည်ရှိမှတ်သားထား သည့်အတိုင်း ရေးကူးပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံစံ(၁၀၅)တစ်ရွက်တည်းနဲ့ကိုတော့ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရရှိနေပြီးလို့ လုံးဝမှတ်ယူလို့ မရနိုင်ပါဘူး။ ရှေ့ဆက်ဆောင်ရွက်မဲ့ လုပ် ငန်း တစ်ခုအတွက် ကာယကံရှင်၏ လျှောက်ထားမှုအပေါ် ဆက်လက်ဆောင်ရွက်နိုင်ရန်ရေးကူးပေး လိုက် ခြင်းသာ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ရှေ့ဆက်ဆောင်ရွက်နိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ရေးကူးထုတ်ပေး ထားတဲ့ မြေစာရင်းပုံစံ(၁၀၅) ဟာ တည်ဆဲနှစ်အတွင်းဖြစ်ဖို့ လိုပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ၁ နှစ်အတွင်းဖြစ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ မြေစာရင်း ပုံစံ(၁၀၅)ရဲ့ အဓိပ္ပာယ်ဖော်ပြချက်က “တည်ဆဲနှစ်အတွင်း အသုံးပြုလျက်ရှိသော စာရင်းမြေပုံ၏ ကောက်နုတ်ချက် မိတ္တူမှန် ဖြစ်သည်”လို့ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေမှာ ပြဋ္ဌာန်း ထားလို့ပဲဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်နှင့်အညီ စာရင်းမြေပုံကို ကိုင်တွယ်ထိန်းသိမ်းတဲ့ ဌာနတွေ မှာ နှစ်စဉ်မြေပုံများကို Update ဖြစ်နေအောင်၊ အမြဲမှန်ကန်နေအောင် နည်းစနစ်တကျ ဆောင်ရွက် နေကြရလို့ပဲဖြစ်ပါတယ်။ ဌာနများအနေဖြင့် ခွင့်ပြုရန်ပုံငွေ၊ ဝန်ထမ်းအင်အား၊ မြေတိုင်းပစ္စည်း အင်အား ထုတ်နုတ်နိုင်မှုအပေါ်မူတည်ပြီး အသုံးပြုလျက်ရှိတဲ့ မြေပုံကို အနည်းနဲ့အများဆိုသလို အချိန်နှင့် တစ်ပြေးညီလိုက်နာ ပြင်ဆင်ပေးနေကြရလို့ပဲဖြစ်ပါတယ်။ မြေပုံကြီးတစ်ခုလုံး ပြင်ဆင်ခြင်း မပြုနိုင်ရင်တောင်မှ ပြင်ဆင်ရမဲ့ အစိတ်အပိုင်းကိုတော့ ကွက်ပြီးသုံးစွဲနေတဲ့ မြေပုံပေါ်မှာ မပျက် မကွက် လိုက်နာမှတ်သားလျက် ရှိကြပါတယ်။ လူနေမှုစနစ် တိုးတက်လာသည်နှင့်အမျှ လမ်းမကြီး များ တိုးချဲ့ဖောက်လုပ်ခြင်း၊ တာဝါတိုင် အမျိုးမျိုးများ တိုးတက်တိုင်ထောင်ခြင်း၊ မြို့ရွာများ တိုးချဲ့ခြင်း စတာတွေဟာ မြေကြီးမြေပုံကို ပြောင်းလဲမှုဖြစ်စေပါတယ်။ ဒါ့ကြောင့် ပုံစံ(၁၀၅)ရဲ့ သက်တမ်းဟာ ၁ နှစ်လို့ အကြမ်း ဖျဉ်း ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ပြောရရင်တော့ ပုံစံ(၇)နဲ့(၁၀၅) ရဲ့ သဘော တရားတွေကိုအများနားလည် လွယ်အောင် အထက်ပါအတိုင်း ရေးသားတင်ပြပေးခြင်းသာ ဖြစ်ပြီး “ပုံစံ(၇)နဲ့(၁၀၅) အိမ်ဆောက် နေလို့ ရပါသလား” လို့ မေးရင် “မရနိုင်သေးပါဘူး” လို့ဘဲ အလွယ်ကူဆုံး အဖြေထုတ်ပေးရမှာပဲ ဖြစ်ပါတယ်။
ကိုကိုဦး