၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အထက်တန်းကျောင်း (၈၅) ကျောင်း၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များ သင်ကြားမည်။

လာမည့်၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မြန်မာ နိုင်ငံတစ်ဝန်းရှိအခြေခံပညအထက် တန်းကျောင်း ၈၅ ကျောင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးဘာသာရပ်များ တွဲဖက်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ပြည်တွင်းတွင် လိုအပ်လျက်ရှိသော စိုက်ပျိုး/မွေးမြူ ပညာရှင် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ် ပေးနိုင်ရန်အတွက် အဆိုပါ စိုက်ပျိုး ရေးနှင့် မွေးမြူရေးဘာသာရပ်သင် အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိအခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်း၌ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင်လည်း စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူ ရေးဘာသာရပ်များကို အထက်တန်း ကျောင်း ၃၄ ကျောင်း၌ ထပ်မံဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်သif ကျောင်းပေါင်း ၈၅ ကျောင်းအထိ ရှိလာမည်ဖြစ်သည်။
ထိုစိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရပ်များကို စိတ်ဝင်စားသောအခြေခံပညာအလယ်တန်းအဆင့်Grade-9ဖြေဆိုအောင်မြင်ပြီးသောကျောင်းသား ကျောင်းသူများနှင့် Grade-9ဖြေဆိုအောင်မြင်ပြီးပညာဆက်လက်သင်ကြားရန်အခက် အခဲရှိသော ကျောင်းသားကျောင်းသူများအနေဖြင့် အသက်မွေး ဝမ်း ကျောင်းပညာရပ်များအဖြစ် တက်ရောက် သင်ကြားနိုင်မည်ဖြစ်ကြောင်းသိရသည်။
ယခုပညာသင်နှစ်တွင်တိုးချဲ့ဖွင့်လှစ်ပေးမည့် ကျောင်းများမှာ ကချင် ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် အ ထက(ဒုတ္တန်)၊တနင်္သာရီ တိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်တွင်အထက-၂(ကော့သောင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ကျောက်တံခါးမြို့နယ်တွင်အထက(ပဲနွယ်ကုန်း)၊ပဲခူးတိုင်းဒေသကြီး(အနောက်)သဲကုန်းမြို့နယ်တွင် အထက(သဲကုန်း)၊မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်တွင်အထက-၂၇၊ အမရပူရမြို့နယ်တွင် အထက(ပလစ (၂))၊ တံတားဦးမြို့နယ်တွင်အထက (တံတားဦး) ၊မြင်းခြံမြို့နယ်တွင် အထက-၃၊ မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်တွင်အထက-(ရွာလွတ်ချောင်းဆုံ)၊ ကျောက်ဖြူမြို့နယ်တွင်အထက-၃၊ တောင်ကုတ်တွင် အထက-၁ (တောင်ကုတ်) တို့ဖြစ်သည်။
ထို့ပြင်ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင်အထက-၇၊ တိုက်ကြီးမြို့နယ်တွင် အထက-(တိုက်ကြီး)၊ မင်္ဂလာဒုံမြို့နယ်တွင်အထက-၄၊ သင်္ကန်းကျွန်းမြို့နယ်တွင် အထက(သုဝဏ္ဏ)၊ သာကေတမြို့နယ်တွင် အထက-၂၊ သန်လျင်မြို့နယ်တွင် အထက(ဖားကူး)၊မြောက်ဥက္ကလာပမြို့နယ်တွင် အထ က-၆၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်တွင် အထက-၇၊ အင်းခေါင်းလွိုင်လင် မြို့နယ်တွင် အထက-၁(ပင်လုံ)၊ နမ့်စန်(တ)မြို့ နယ်တွင် အထက(ခွဲ)လေတပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆက်မြို့နယ်တွင် အထက(ခွဲ) အလက-၂၊ မိုင်းတုံမြို့နယ်တွင် အထက(နားကောင်းမူး)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အထက-၂ (ကျုံပျော်)၊ ဟင်္သာတမြို့နယ်တွင်အထက(နတ်မော်)၊ မြောင်းမြမြို့ နယ်တွင် အထက(ဂုန်နီ)၊ အလပွတ္တာမြို့နယ်တွင် အထက(၃မိုင်)၊ နေပြည်တော်ကောင်စီနယ်မြေတွင် အထက(MRTV) ကျောင်းတို့ကို တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်၂၀၂၃-၂၀၂၄ ပညာသင် နှစ်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိခရိုင်၅၀တွင်စက်မှုစိုက်ပျိုးရေး နှင့်မွေးမြူရေးတွဲဖက် အထက် တန်းကျောင်း၅၁ကျောင်းဖွင့်လှစ်ပေးခဲ့ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးဘာသာ ရပ်သင်တွဲဖက်အထက်ကျောင်းများတွင် ကျောင်းသားကျောင်းသူ ပေါင်း ၁၉၄၆ ဦးတက်ရောက်ခဲ့သည်။
ဇော်လင်းထွဋ်